။ သစ္စာတရား တန်ဖိုးထား ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။~~~~~~~~~~~~~~~~~~~~~~~~~~။ မှန်ကန်စွာ ဆက်ဆံပါ။။ အမှန်ကို နှစ်သက်မြတ်နိုးပါ။။ မှားယွင်းစွာ မဆက်ဆံပါနှင့်။။ ဖြောင့်မတ်စွာ ဆက်ဆံခဲ့ကြပါစေ။။ ဖြောင့်တန်းမှုကို ဖော်ပြရဲပါစေ။။ အတွေးအမြင် မကောက်ပါစေနှင့်။။ မရိုးမဖြောင့်အောင်လည်း မလုပ်ပါနှင့်။။ တည်သောကတိ မြဲပါစေ။။ မြဲသောသစ္စာ ခိုင်ပါစေ။။ စကားအဖြစ် သစ္စာတရားမဟုတ်။။ တည်သောတရားသာ သစ္စာတရား။။ လူမှုရေး၌ သစ္စာတရားတန်ဖိုးထားကြပါစေ။ တောင်ကလေးဆရာတော်(၁.၇.၂၀၂၀) ရက်နေ့နံနက်။